အစိုးရနှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) ကိုယ်စားလှယ်များတို့သည် ကရင်ပြည် နယ် ဘားအံမြို့ရှိ ဇွဲကပင် ဟိုတယ်၌ ငြိမ်းချမ်းရေးအတွက် ယနေ့ ဆွေးနွေးနေပြီဖြစ်ကြောင်း သိရသည်။ ယင်း ဆွေးနွေးပွဲတွင် အစိုးရ ကိုယ်စားလှယ် အဖွဲ့ကို မီးရထား ဝန်ကြီး ဦးအောင်မင်းက ဦးဆောင်၍ KNU ကိုယ်စားလှယ်အဖွဲ့တွင် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး၊ ဦးစောဒေးဗစ် ထော တို့ ဦးဆောင်ပါဝင်ကြောင်း သိရသည်။ ယမန်နေ့ညကလည်း အစိုးရနှင့် KNU ခေါင်းဆောင်များသည် ဇွဲကပင် ဟိုတယ်တွင် ငြိမ်းချမ်းရေး ညစာစားပွဲကျင်းပကြသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။