ယမန်နေ့က ကြေညာ လိုက်သည့် လွတ်ငြိမ်း ချမ်းသာခွင့်အရ ယနေ့တွင် နိုင်ငံရေး အကျဉ်းသားများ စတင် လွှတ်ပေးနေပြီ ဖြစ်ကြောင်း သတင်းများ ရရှိသည်။ လွှတ်ပေးမည့် သူများတွင် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုဂျင်မီ၊ မနီလာသိန်း စသည့် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ ပါဝင်ကြောင်း သိရသည်။ အကျဉ်းကျနေသည့် ထောက်လှမ်းရေးများ ထဲမှလည်း လွတ်မြောက်မည်ဟု သတင်းများ ထွက်ပေါ်နေသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။