အစိုးရက မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) နှင့် ငြိမ်းချမ်းရေး ဆွေးနွေးလိုကြောင်း စာဖြင့် တရားဝင် ကမ်းလှမ်းထားသည်ဟု သိရသည်။ ကမ်းလှမ်းမှုနှင့် ပတ်သက်၍ ABSDF ၏ သဘောထားကို တရားဝင် ထုတ်ပြန်မည်ဖြစ်ကြောင်း ABSDF မှ ဒု ဥက္ကဌ ဦးမျိုးဝင်းက ဧရာဝတီသို့ ပြောသည်။ “ကမ်းလှမ်းမှု ရှိတယ်ဆိုတာလောက်ပဲ တင်ပြတာ၊ ကျန်တဲ့ ကိစ္စတွေကတော့ အသေးစိတ် ABSDF အနေနဲ့ တချိန်ချိန်မှာ သဘောထားထုတ်ပေးမှာပါ၊ အခု အချိန်မှာ ပြောဖို့စောသေးတယ်” ဟု ၎င်းက ဆိုသည်။ ကမ်းလှမ်းသည့် နေ့ရက်နှင့် အစိုးရဘက်မှ ကိုယ်စားလှယ်မည်သူ ဆိုသည်ကိုမှု ပြောကြားခြင်း မရှိပေ။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။