လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပူတာအိုထောင်မှ လွတ်မြောက်လာသော နိုင်ငံရေး အကျဉ်းသား ကိုအောင်ကျော်ဦး၏ မိခင်သည် သားဖြစ်သူနှင့် တွေ့ဆုံပြီး မိနစ်ပိုင်းအတွင် ကွယ်လွန်သွားခဲသည်။ ဇန်နဝါရီလ ၁၅ ရက်နေ့က မင်္ဂလာဒုံလေယာဉ်ကွင်းမှ ကိုအောင်ကျော်ဦး နေထိုင်ရာ တိုက်ကြီးမြို့နယ်သို့ ရောက်ရှိလာကာ မိခင်ဖြစ်သူနှင့် နှုတ်ဆက်နေစဉ်ပင် စိတ်လှုပ်ရှား ဝမ်းသာလွန်းပြီး နှလုံးရောဂါ အခံရှိသည့် မိခင်ဖြစ်သူ ရုတ်တရက် ကွယ်လွန်သွားခဲ့သည်။ ကိုအောင်ကျော်ဦးသည် တိုက်ကြီးမြို့နယ် NLD တွဲဖက် အတွင်းရေးမှူးဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။