ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ ဟိန္ဒူနှင့် အစ္စလာမ် ဘာသာကြီးလေးခု စုပေါင်းပြီး ချစ်ကြည်ရေးနှင့် ငြိမ်းချမ်းရေး ဆုတောင်းပွဲကို ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ လုသရင်ဗက်သလီဟင်း (မ်) ဘုရားကျောင်းတွင် ယနေ့ နံနက်ပိုင်းတွင် ကျင်းပခဲ့ကြောင်း ပွဲစီစဉ်သူများထံမှ သိရသည်။ အဆိုပါ ဆုတောင်းပွဲသည် လူမျိုးရေးအရ၊ ဘာသာရေးအရ ထာဝရ ချစ်ကြည်ရေးနှင့် ငြိမ်းချမ်းရေးအတွက် အဓိကထား လုပ်ဆောင်ခြင်းဖြစ်သည်။ ယင်းပွဲသို့ မြောင်းမြအကျဉ်းထောင်မှ မကြာမီက လွတ်မြောက်လာသော အရှင်ဂမ္ဘီရ၊ မဂ္ဂင်ကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော်နှင့် တခြား လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။