နယ်စပ်ရှိ မူးယစ်ဆေးဝါး၊ လက်နက်မှောင်ခိုမှု နှင့် အိန္ဒိယသူပုန်များအရေး ဆွေးနွေးရန် ပြည်ထဲရေးအတွင်းဝန် အာရ်ကေဆင်း နေပြည်တော်သို့ ကြာသပတေး နေ့တွင် သွားရောက်မည်ဟု အိန္ဒိယအစိုးရက ယနေ့ သတင်းထုတ်ပြန်သည်။ မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းဒေသများတွင် အခြေချနေသည်ဟု ယူဆရသော အိန္ဒိယ ခွဲထွက်ရေး အဖွဲ့များကို အပြီးတိုင် ခြေမှုန်းရေးအတွက် ထိရောက်စွာ ပူးပေါင်းပါဝင်ရန် အိန္ဒိယက မြန်မာအစိုးရအား တောင်းဆိုထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။