ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာ လေကြောင်း ခရီးစဉ် ပြေးဆွဲရေးအတွက် ယမန်နေ့က နှစ်နိုင်ငံတာဝန်ရှိသူများ သဘောတူလက်မှတ် ရေး ထိုးသည်။ သီတင်းတပတ်အတွင်း ခရီးသည်တင် လေယာဉ် ၇ စီးနှင့် ကုန်တင်လေယာဉ် ၄ စီး ပြေးဆွဲရန် သဘောတူကြောင်း၊ ခရီး သွားလုပ်ငန်း မြှင့်တင်ရေးနှင့် ကုန်သွယ် ကူးသန်းရောင်းဝယ်ရေး အတွက် ဖြစ်ကြောင်း Daily Star သတင်းက ယနေ့ရေးသားသည်။ ယင်း သဘောတူညီချက်ကို ဘင်္ဂလားဒေ့ရှ် ဘက်က လေကြောင်း တာဝန်ရှိသူ Mahud Hussain နှင့် မြန်မာဘက်က လေကြောင်း ပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်းတို့ ဦးဆောင်ဆွေးနွေး၍ လက်မှတ်ရေးထိုးကြခြင်း ဖြစ်ကြောင်း လည်း သိရသည်။ ပြီးခဲ့သည့် လ အတွင်း က ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ် ဟာဆီနာ မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။