မြန်မာနိုင်ငံ၏ လတ်တလော ပြောင်းလဲနေမှုများသည် အစစ်အမှန်ပြောင်းလဲမှုဖြစ်သည်ဟု ယုံကြည်ကြောင်း အမေရိကန် အထက် လွှတ်တော်အမတ် မစ်ချ် မက်ကော်နယ် က ပြောကြားလိုက်သည်။ ယမန်နေ့က သမ္မတ ဦးသိန်းစိန်နှင့် နေပြည်တော်တွင် တွေ့ဆုံပြီးနောက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်ခြင်းဖြစ်သည်။ ယနေ့ထုတ် အစိုးရသတင်းစာများတွင်လည်း မစ်ချ် မက်ကော်နယ် နှင့် ဦးသိန်းစိန် တို့ တွေ့ဆုံသည့်သတင်းကို ဖော်ပြထားသည်။ မစ်ချ် မက်ကော်နယ်သည် တနင်္လာနေ့ကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံ ခဲ့ပြီး မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများ ဖယ်ရှားရေးအတွက် စဉ်းစားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သေးသည်။ ၎င်းသည် မြန်မာ နိုင်ငံကို အရေးယူပိတ်ဆို့မှုများပြုလုပ်မှုနှင့် ပတ်သက်ပြီး ဦးစွာ ပြောဆိုခဲ့သူဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။