NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး သံလျင်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ရုံးသို့ သွားရောက်ကြောင်း သတင်းရသည်။ ယင်းသို့ သွားရောက်ခြင်းမှာ ဧပြီ ၁ ရက် ကျင်းပမည့် ကြားဖြတ်ရွေးကောက် ပွဲတွင် ရန်ကုန်တိုင်း ကော့မှူးမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မှတ်ပုံတင်ခြင်းဖြစ်ကြောင်း AP သတင်း၌ ဖော်ပြထားသည်။ NLDသည် ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် ပြင်ဆင်နေပြီး ဒေါ်အောင်ဆန်းစုကြည်အနနှင့် ကော့မှူးမြို့နယ်မှ ယှဉ်ပြိုင်အရွေးခံမည် ဖြစ်ကြောင်း ကြေညာထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။