ဥရောပ သမဂ္ဂ(အီးယူ)က မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော ပိတ်ဆို့ အရေးယူမှုများကို ရုပ်သိမ်းရန် စဉ်းစားနေကြောင်း သိရ သည်။ မြန်မာနိုင်ငံ၌ ပြုပြင်ပြောင်းလဲမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု အရိပ်လက္ခဏာ များကို တွေ့နေရသောကြောင့် ဖေဖော်ဝါရီလမှ စတင် ၍ ပိတ်ဆို့အရေးယူမှုများကို ရုပ်သိမ်းရန် စဉ်းစားနေခြင်းဖြစ်ကြောင်း အီးယူ နိုင်ငံခြားရေး မူဝါဒ ဆိုင်ရာ အကြီးအကဲ Catherine Ashton ၏ ပြောခွင့်ရ Michael Mann က ယမန်နေ့တွင် ပြောဆိုလိုက်သည်ဟု AFP သတင်း၌ ဖော်ပြထားသည်။ အီးယူက မြန်မာ အပေါ် ပိတ်ဆို့အရေးယူမှုများတွင် ကုန်သွယ်ရေးနှင့် ဘဏ္ဍာရေး ပိတ်ဆို့ အရေးယူမှု၊ ခရီးသွားလာရေးနှင့် ပိုင်ဆိုင်မှု ထိန်းချုပ် သည့် အရေးယူမှုများ ပါဝင်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။