ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂ(ဗကသ) ဗဟို စည်းရုံးရေး ကော်မတီကို ယမန်နေ့က ပြန်လည် ဖွဲ့စည်းကြောင်း သတင်း ရသည်။ ယင်းကော်မတီကို ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂ ပြန်လည်ဖွဲ့စည်းရေးအတွက် မကြာသေးခင်က ပြန်လည်လွတ် မြောက် လာသော ကိုကျော်ကိုကို၊ ကိုဒီငြိမ်းလင်းတို့ ဦးဆောင်၍ ၁၂ ဦးဖြင့် ဖွဲ့စည်းလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။ ၎င်းတို့က အကျဉ်း ထောင်များအတွင်း ကျန်ရှိနေသေးသော နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး အတွက် ဆောင်ရွက်မည်ဟုလည်း ဆိုသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။