ဒေါ်အောင်ဆန်းစုကြည် သည် ဗဟန်းမြို့နယ် တော်ဝင်နှင်းဆီခန်းမတွင် ယနေ့ နံနက်ပိုင်းက ကျင်းပသည့် Shoe Gallery ကုမ္ပဏီ မှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပညာရေးကွန်ရက်အား ကျပ် သိန်း၅၀ လှူဒါန်းသည့် အခမ်းအနားကို တက်ရောက်ကြောင်း သတင်း ရသည်။ Shoe Gallery သည် ရန်ကုန်မြို့အပါအဝင် မြို့ကြီးများတွင် ဖွင့်လှစ်ထားပြီး လူမှုရေးနှင့်ပညာရေးလုပ်ငန်းများကို လွန်ခဲ့သည့် ၃နှစ် ခန့်ကတည်းက လှူဒါန်းနေရာ ယခုနှစ်တွင် ရန်ကုန်သင်္ဃန်းကျွန်း စံပြဆေးရုံကြီးနှင့် ဗန်းမော်မြို့ ကက်သလစ် အသင်းတော်မှ ကြီးမှူး လုပ်ကိုင်နေသည့် မိဘမဲ့ ကလေးများ ဂေဟာသို့လည်း အသီးသီးလှူဒါန်းခဲ့ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။