မကြာသေးခင်က လွတ်ငြိမ်းချမ်းသာအမိန့်ဖြင့် လွတ်မြောက်လာခဲ့သော ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ သာစည်လမ်းနေ အသက် ၅၄ နှစ်အရွယ်ရှိ ဦးသက်နွယ် (ခ) ငြိမ်းလူသည် ယမန်နေ့ နေ့လည် ၁၂ နာရီက ၉၆ ပါးရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်။ ဦးသက်နွယ်သည် ၂၀၀၂ ခုနှစ်က ဖောက်ခွဲရန်ကြံစဉ်မှုဖြင့် ထောင်ဒဏ် တသက်တကျွန်း ကျခံခဲ့ရပြီး အကျဉ်းထောင်မှ လွတ်မြောက်လာခဲ့စဉ်ကတည်းက ကျန်းမာရေးမကောင်းကြောင်း မိသားစုဝင်များက ပြောသည်။ ယမန်နှစ် ဒီဇင်ဘာလအတွင်းက အင်းစိန်ထောင်တွင်းရှိနေစဉ် အဆုတ်ရေဝင်ခြင်း၊ အသည်းရောင်ခြင်း၊ သတိလစ်မေ့မျောခြင်းများ ဖြစ်ခဲ့သည့်အတွက် အင်းစိန်ပြည်သူ့ဆေးရုံကြီးသို့ နှစ်ကြိမ် ပို့ဆောင်ခဲ့ရသေးသည်။ ဦးသက်နွယ်သည် စစ်ကြောရေးတွင် နှိပ်စက်ခံရမှုကြောင့် အာရုံကြောများ ထိခိုက်ပြီး စိတ်ရောဂါ အထူးကုဆေးရုံသို့ နှစ်ကြိမ်တက်ခဲ့ရသည်။ ဦးသက်နွယ်၏ ဈာပနကို မနက်ဖြန် ၂၄ ရက်နေ့တွင် ရေဝေး သုဿန်သို့ ပို့ဆောင်မီးသဂြိုလ်မည်ဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။