မြန်မာအပေါ် ပိတ်ဆို့အရေးယူမှုများ ရုပ်သိမ်းရေးအတွက် သမ္မတ အိုဘားမား အစိုးရအနေဖြင့် အလျင်မလိုသင့်သေးကြောင်း မြန်မာနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသည့် အမေရိကန် လွှတ်တော်အမတ် ဂျွန်မက်ကိန်းက ပြောဆိုလိုက်သည်။ ၎င်း၏ တဦးတည်းအမြင်အရ ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲ မတိုင်ခင်အထိ ပိတ်ဆို့အရေးယူမှု ရုပ်သိမ်းရန် မသင့်သေးကြောင်း၊ မြန်မာပြည်တွင်း ပြုပြင်ပြောင်းလဲမှုများကို အားပေးရမည်ဖြစ်သော်လည်း နောက်မှ နောင်တမရစေရန် အလျင်မလိုရန် လိုအပ်ကြောင်း မက်ကိန်းက ဝေါထစရီ ဂျာနယ်သို့ ပြောဆိုထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။