သတင်းတို

ဗီဇာ ပိတ်ပင်မှု EU ရုပ်သိမ်း

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

မြန်မာအစိုးရ ခေါင်းဆောင်များနှင့် ဆက်နွယ်သူများအား EU က ပြည်ဝင်ခွင့် ဗီဇာပိတ်ပင်ထားမှုကို ယမန်နေ့ကစတင် ၍ ပြန်လည်ရုပ်သိမ်းလိုက်သည်။ မကြာသေးခင် လများ အတွင်း မြန်မာအစိုးရ၏ ပြုပြင်ပြောင်းလဲမှု များကြောင့် EU က ဒဏ်ခတ် ပိတ်ဆို့အရေး ယူမှုများထဲမှ ပထမအဆင့် အနေနှင့် ဗီဇာ ပိတ်ပင်ထားမှု ရုပ်သိမ်းရန် EU နိုင်ငံခြားရေး ဝန်ကြီးများက သဘောတူခဲ့ခြင်း ဖြစ်ကြောင်း AFP သတင်း တွင် ရေးထားသည်။ ပိတ်ဆို့အရေးယူမှုများတွင် စစ် လက်နက်ပစ္စည်း ဝယ်ယူခွင့်၊ ကုန်သွယ်ရေးနှင့် ဘဏ္ဍာရေး ဆိုင် ရာ ၊ ပြည်ဝင်ခွင့် ဗီဇာ ပိတ်ပင်ထားမှုနှင့် EU နိုင်ငံများ အတွင်း ခရီးသွားလာရေး၊ မြန်မာ စစ် အာဏာပိုင်များနှင့် ၎င်းတို့နှင့် ဆက်နွယ်သူများ ၏ ပိုင်ဆိုင်မှုများ ထိန်းချုပ်ခြင်း စသည်တို့ ပါဝင်သည်။ EU က မြန်မာအပေါ် ပိတ်ဆို့ ဒဏ် ခတ်မှုကို ၁၉၈၈ ခုနှစ် ဒီမို ကရေစီ အရေး လှုပ်ရှားသူများအား အကြမ်းဖက် ဖြိုခွဲ၍ စစ်တပ်က အာဏာသိမ်းပြီးနောက် စတင်ခဲ့ခြင်း ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading