ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(ကြံ့ဖွံ့ပါတီ) ဒု ဥက္ကဋ္ဌ သူရဦးရွှေမန်းက ကြားဖြတ်ရွေးကောက်ပွဲ၌ တခြားသောနိုင်ငံရေး
ပါတီများက အနိုင်ရလျှင်လည်း ၎င်းတို့ပါတီ အနေဖြင့် ဂုဏ်ပြုပေးရန် ဝန်မလေးဟု ပြောဆိုကြောင်း သိရသည်။ နေပြည်တော်၌ ပြီး ခဲ့သည့် ရက်ပိုင်းအတွင်းက ပြုလုပ်ခဲ့သည့် ကြံ့ဖွံ့ပါတီ၏ အစည်းအဝေးတခုတွင် ဦးရွှေမန်းက ထိုသို့ ပြောခဲ့ခြင်းဖြစ်ပြီး၊ အနိုင်ရသူ များကို လွှတ်တော်က ကြိုဆိုနေမည်ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ လည်း ဖြစ်သူ ဦးရွှေမန်းက ပြောဆိုထားကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။