မြန်မာအစိုးရအနေဖြင့် မြောက်ကိုရီးယားနှင့် စစ်ရေးအရ ဆက်ဆံမှုများ ရပ်ဆိုင်းပါက အမေရိကန်နိုင်ငံ၏ ပိတ်ဆို့ အရေးယူမှုများ ရုပ်သိမ်းရေးအတွက် ထောက်ခံပေးနိုင်ကြောင်း အမေရိကန် အထက်အလွှတ်တော်အမတ် မစ်ချ် မက်ကော်နယ်လ် က ပြောဆို လိုက်သည်။ မက်ကော်နယ်လ်သည် ယခုလလယ်ပိုင်းက မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး သမ္မတ ဦးသိန်းစိန်နှင့် အစိုးရ အဖွဲ့ အပါအဝင် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရာတွင် တိုင်းရင်းသားအရေး ပြေလည် လျှင် ပိတ်ဆို့ အရေးယူမှုရုပ်သိမ်းရေး စဉ်းစားမည်ဟုလည်း ပြောဆိုခဲ့သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။