သတင်း

ဒေါ်အောင်ဆန်းစုကြည်ကို Benazir Bhutto ဒီမိုကရေစီဆု ချီးမြှင့်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဒီမိုကစီအရေး၊ တရားမျှတမှု၊ တန်းတူညီမျှတမှုများ အတွက် ဘ၀ တသက်တာလှုပ်ရှား ရုန်းကန်တိုက်ပွဲဝင်မှုများကို ဂုဏ်ပြုသောအားဖြင့် ပါကစ္စတန်သမ္မတ Asif Ali ZardariကBenazir Bhutto ဒီမိုကရေစီဆု ချီးမြှင့်လိုက်ကြောင်း သတင်းရရှိသည်။

ဒေါ်အောင်ဆန်းစုကြည်အား ပါကစ္စတန် သမ္မတက ဆုမချီးမြှင့်မီ (ဓာတ်ပုံ - ဧရာဝတီ)

မြန်မာနိုင်ငံသို့ ခေတ္တအလည်အပတ် ရောက်ရှိနေသော ပါကစ္စတန် သမ္မတက ယနေ့ နေ့လယ် ၂ နာရီတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တက္ကသိုလ် ရိပ်သာလမ်း နေအိမ်၌ တွေ့ဆုံပြီးနောက် သတင်းထောက်များ၊ ပါကစ္စတန် အစိုးရအရာရှိများ ရှေ့မှောက်၌ ပါကစ္စတန်သမ္မတ၏ သား၊ သမီးတို့နှင့်အတူ ဒေါ်အောင်ဆန်းစုကြည်ကို အဆိုပါဆု ပေးအပ်ခဲ့ခြင်းဖြစ်သည်။

ဆုချီးမြှင့်မှုအတွက် ဒေါ်အောင်ဆန်းစုကြည်က ပါကစ္စတန်သမ္မတနှင့် အဖွဲ့ဝင်များအား ကျေးဇူးတင်ကြောင်း ပြောဆိုရာတွင် ဖော်ပြစရာ စကားလုံး ရှာဖွေဖို့ ခက်ခဲလှကြောင်း၊ ပါကစ္စတန် သမ္မတနှင့် တွေ့ဆုံရသည်မှာ မိသားစုနှင့် ပြန်လည် တွေ့ဆုံ ရသကဲ့သို့ ခံစားရကြောင်း ပြောသည်။

“ကျမတို့ မိသားစုဘဝတွေက ယေဘုယျ တူညီမှုရှိပါတယ်။ တူညီတဲ့အရာတခုကတော့ မိသားစုဝင်တွေ ကြေလွင့် သွားရတာကလည်း ထပ်တူထပ်မျှပါပဲ။ ကမ္ဘာတဝန်းမှာ ရှိတဲ့ မိသားစုတွေက သူတို့ချစ်တဲ့သူတွေ ဘယ်နေရာ၊ ဘယ်ဒေသ မှာပဲဖြစ်ဖြစ် ဒုက္ခခံစားရတဲ့အခါ မိသားစုဝင်တွေလည်း လိုက်ခံစားရပါတယ်။ အဲဒါဘာကြောင့်လဲဆိုတော့ မိသားစုတွေရဲ့
ဒုက္ခရောက် ခံစားမှုတွေကို တတ်နိုင်သမျှ ရပ်တန့်နိုင်ဖို့ ကြိုးစားမှုကြောင့်ပါပဲ” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ယခုအချိန်တွင် ဒီမိုကရေစီအတွက် စေ့စပ် ညှိနှိုင်းမှုများ ရှိနေပြီဖြစ်ရာ မြန်မာနိုင်ငံနှင့် ပါကစ္စတန် နှစ်နိုင်ငံအကြား နီးကပ်စွာ ဆက်ဆံပြီး နှစ်နိုင်ငံ ပြည်သူများ၊ မိသားစုများအကြား အခွင့်အရေး တန်ဖိုးအပြည့်အဝရရှိ၍ ပူးပေါင်းဆောင်ရွက်နိုင်သည့်
နေ့တနေ့ကို ရောက်လာလိမ့်မည်ဟု မျှော်လင့်ကြောင်းလည်း သူက ကျေးဇူးတင်စကားတွင် ထည့်သွင်း ပြောဆိုလိုက်သည်။

Benazir Bhutto ဒီမိုကရေစီဆုသည် ပါကစ္စတန် နိုင်ငံ၏ ဒီမိုကရေစီခေါင်းဆောင် Benazir Bhutto ကို ဂုဏ်ပြုသောအားဖြင့် ကမ္ဘာတဝန်းမှ ဒီမိုကရေစီအရေး လှုပ်ရှားသူများကို ရွေးချယ်ပေးအပ်ခြင်းဖြစ်ပြီး Benazir Bhuttoသည် ပါကစ္စတန်နိုင်ငံ၏ အမျိုးသမီးဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ကာ ၂၀၀၇ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ရွေးကောက်ပွဲအတွင်း စည်းရုံးလှုပ်ရှားမှုများ လုပ်ဆောင်ရင်း လုပ်ကြံသတ်ဖြတ် ခံခဲ့ရသည်။

ယခု ပါကစ္စတန်သမ္မတ Asif Ali Zardari သည် Benazir Bhutto၏ ခင်ပွန်းဖြစ်ပြီး ပါကစ္စတန် ပြည်သူ့ပါတီ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင် နေသူလည်းဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading