အိမ်ခြေ ၂၂၀ ကျော်ပျက်စီး၊ လူ ၁၇ ဦးသေဆုံးပြီး ၁ ထောင်ကျော် အိုးမဲ့အိမ်မဲ့ဖြစ်စေသည့် မင်္ဂလာတောင်ညွန့် မီးလောင်ပေါက်ကွဲမှုကို အကြောင်းရင်း ဖော်ထုတ်နိုင်ပြီဟု ယနေ့ထုတ် အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။ ဂိုဒေါင်အမှတ် ၈၀ တွင် လျှပ်စစ်ပစ္စည်းများကို ခလုတ်မပိတ်မိဘဲ ထားရာမှာ အပူလွန်ကဲကာ မီးစတင်လောင်ကျွမ်းကြောင်း၊ ထိုမှ ဓာတုပစ္စည်းများ သိုလှောင်ထားသည့် ဂိုဒေါင်အမှတ် ၇၉ သို့ကူးကာ အလွန်ပြင်းထန်သော ပေါက်ကွဲမှုကြီး ဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။