ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်၌ ကူးတို့လှေနစ်မြုပ်မှု ဖြစ်ပွားခဲ့ရာ အလယ်တန်းကျောင်းသား၊ ကျောင်းသူ ၅ ဦး သေဆုံးကြောင်း သိရသည်။ ဘူးသီးတောင်မြို့နယ် နွားရုံတောင်ကျေးရွာမှ ကျောင်းသား၊ ကျောင်းသူ ၁၈ ဦးသည် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် တဘက်ကမ်းရှိ စေတီတောင်ကျေးရွာ၌ ကျောင်းတက်ရန် လှေဖြင့်သွားကြရာ လမ်းတဝက်တွင် လှေဝမ်းဗိုက် ပေါက်သွားသောကြောင့် ရေနစ်ခဲ့ကြကြောင်း ဘင်္ဂလားဒေ့ရှ် အခြေစိုက် နိရဉ္စရာသတင်း၌ ဖော်ပြထားသည်။ သေဆုံးသွားသည့် ကျောင်းသား၊ ကျောင်းသူများမှာ မောင်ဇော်ဇော်ဦး (၇ တန်း)၊ မဖြူဖြူခင် (၇ တန်း)၊ မအေးစံ (၆ တန်း)၊ မသန်းသန်းနု (၇ တန်း)နှင့် မအင်္ဂလိပ်မ (၈ တန်း) တို့ဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။