ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ် မဂ္ဂင်ကျောင်းတိုက်၌ သီတင်းသုံးနေသော ဦးဂမ္ဘီရ အပါအဝင် သံဃာ ၅ ပါးကို နိုင်ငံတော် သံဃ မဟာနာယက(မဟန) အဖွဲ့က ဇန်နဝါရီ ၂၅ ရက်တွင် ဆင့်ခေါ်စာပေးပို့ကြောင်း သိရသည်။ ထိုသံဃာ ၅ ပါးသည် ခွင့်ပြုချက် မရ ဘဲ သီတင်းသုံးနေသောကြောင့် ပြစ်မှုကျွန်းလွန်သူများဖြစ်၍ ဆင့်ခေါ်ခြင်းဖြစ်သည်ဟု ဆိုသည်။ မဂ္ဂင်ကျောင်းကို ၂ဝဝ၇ ရွှေဝါ ရောင်တော်လှန်ရေး နောက်ပိုင်းတွင် အာဏာပိုင်များက ချိတ်ပိတ်ထားသည်။ ကျောင်းထိုင် ဆရာတော်ကိုလည်း ပုဒ်မမျိုးစုံဖြင့် ထောင်ဒဏ် အနှစ်၂ဝ နှင့် ၆ လ ချမှတ်ခဲ့သည်။ ရွှေဝါရောင်တော်လှန်ရေး ဦးဆောင် သံဃာတပါးဖြစ်သည့် ဦးဂမ္ဘီရသည် ကလေးမြို့အကျဉ်းထောင်တွင် ထောင်ဒဏ် ၆၃ နှစ် ချခံထားရာမှ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် မကြာသေးခင်က ပြန်လွတ်လာသူ ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။