မြန်မာနိုင်ငံ၌ ကြီးမားသည့် အပြောင်းအလဲများ ဖြစ်လာနိုင်ခြေကို တွေ့နေရကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက် သည်။ ထို့အပြင် ရွေးကောက်ပွဲနှင့် တရားရေး လုပ်ငန်းစဉ်များအတွက် သက်ဆိုင်ရာ အင်အားစုများ ပါဝင်လာနိုင်သော စစ်မှန် သည့် အပြောင်းအလဲ တရပ်ဖြစ်လာရန် နီးကပ်လာပြီ ဖြစ်သည်ဟုလည်း ဆိုသည်။ ဗုဒ္ဓဟူး နေ့က စတင်ပြီး ၅ ရက်ကြာကျင်းပ မည့် ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ် ကမ္ဘာ့ စီးပွားရေး ညီလာခံသို့ ပေးပို့သော ဗီဒီယို ရုပ်သံ သဝဏ်လွှာတွင် ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောကြားခြင်း ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။