၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီး၊ ကိုမြအေး၊ ကိုဌေးကြွယ်တို့သည် NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နှင့် တက္ကသိုလ် ရိပ်သာလမ်းနေအိမ်၌ ယနေ့ ညနေပိုင်းတွင် သွားရောက်တွေ့ဆုံကြမည်ဟု သတင်းရရှိသည်။ အကျဉ်းထောင် က ပြန်လွတ်လာပြီးနောက် ဒုတိယအကြိမ်တွေ့ဆုံမှုဖြစ်ပြီး မည်သည့်ကိစ္စများဆွေးနွေးမည်ကို မသိရသေးပေ။ ပထမအကြိမ်တွေ့ ဆုံစဉ်က ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ၉ ဦးတို့သည် မိသားစု မိတ်ဆုံ ညစာအတူစား၍ အတွေ့အကြုံများကို လွတ်လပ်ပေါ့ပါးစွာ ပြောဆိုကြကြောင်း၊ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးခဲ့ကြပြီး ရင်းနှီးနွေးထွေး သည့် ဆက်ဆံ ရေး ဖြစ်ခဲ့ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။