နှစ်နိုင်ငံဘက်မှ သက်ဆိုင်ရာအဖွဲ့အစည်းများ၏ သဘောတူညီချက်အရ မြန်မာနိုင်ငံက အင်ဒိုနီးရှားသို့ တနှစ်လျှင် ဆန်တန်ချိန် ၂ သိန်းကို လာမည့် ဖေဖော်ဝါရီလမှ စတင်၍ တင်ပို့ရောင်းချသွားမည်ဟု သိရသည်။ မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်း အတွင်းရေးမှူး ဦးရဲမင်းအောင်ကို ကိုးကား၍ Reuters သတင်းဌာနက ဖော်ပြရာ၌ ဆန်အကျိုးအကြေ ၅ ရာခိုင်နှုန်းပါဝင်မည့် ဆန်တန်ချိန် ၁ သိန်းမှ ၂ သိန်းအထိကို နှစ်စဉ် အင်ဒိုနီးရှားသို့ ရောင်းချမည်ဖြစ်ကြောင်း၊ တန်ဖိုးအားဖြင့် ဒေါ်လာ သန်း ၅၀ မှ သန်း ၁၀၀ ကြားရှိနိုင်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။