ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေး (AGD) ဘဏ် ၏ မည်သည့်ငွေလဲကောင်တာတွင်မဆို အမေရိကန်ဒေါ်လာ ၁ သောင်းနှင့် ညီမျှသော အမေရိကန်ဒေါ်လာ၊ စင်ကာပူဒေါ်လာ၊ ယူရိုငွေကြေးများကို မည်သည့် စာရွက်စာတမ်း အထောက်အထားမှ တင်ပြစရာမလိုဘဲ လဲလှယ်နိုင်ပြီဖြစ်ကြောင်း ယင်းဘဏ်၏ ဖေ့စ်ဘုတ်လူမှုကွန်ရက် စာမျက်နှာတွင် ကြေညာထားသည်။ ယခင်ကကဲ့သို့ ပတ်စ်ပို့ပြရခြင်း၊ ဒေါ်လာ ၂ ထောင်ကျော်လျှင် အကောက်ခွန်ကြေညာလွှာ တင်ရခြင်း စသည်တို့ကို လုပ်ဆောင်ရန် မလိုတော့ဟု ဗဟိုဘဏ်က ညွှန်ကြားချက်ပေးထားကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။