သမ္မတ ဦးသိန်းစိန်သည် ၃ ရက်ကြာ နိုင်ငံတော်ခရီးစဉ်အဖြစ် စင်ကာပူနိုင်ငံသို့ ယမန်နေ့ကစတင်ရောက်ရှိနေသည်။ ၎င်း၏ ခရီးစဉ်အတွင်း အဓိကလုပ်ငန်းမှာ မြန်မာ အရာရှိများကို ဥပဒေ၊ ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးကဏ္ဍများ ပြုပြင်ပြောင်းလဲရေး စင်ကာပူနိုင်ငံတွင် လေ့ကျင့်သင်ကြားပေးရန် နှစ်နိုင်ငံနားလည်မှု စာချွန်လွှာ (MOU) ရေးထိုးခြင်းလည်း ပါဝင်ကြောင်း Straits Times သတင်းစာတွင် ဖော်ပြထားသည်။ သမ္မတ ဦးသိန်းစိန်သည် စင်ကာပူသမ္မတ တိုနီ တန် ကင် ယမ်၊ ဝန်ကြီးချုပ် လီရှန်လွန်း၊ ဂုဏ်ထူးဆောင် စီနီယာဝန်ကြီး ဂိုချုပ်တောင်တို့နှင့် တွေ့ဆုံမည်ဟု သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။