ဘယ်လ်ဂျီယံ အခြေစိုက် ဥရောပ မြန်မာရုံး (EBO) က ကမကထပြုသည့် တောင်အာရှနှင့် အရှေ့တောင်အာရှတို့ကို ဆက်သွယ်ခြင်း ခေါင်းစဉ်ဖြင့် မြန်မာ့အရေး ဆွေးနွေးပွဲကို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ ဂျမီးယား အစ္စလာမ်မီးယား တက္ကသိုလ်တွင် ယနေ့မှစ၍ ၂ ရက်ကြာ ပြုလုပ်လျက်ရှိသည်။ ယင်းဆွေးနွေးပွဲသို့ ပြည်တွင်းရှိ အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) မှ ဦးခင်မောင်ဆွေ အပါအဝင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ ချင်းအမျိုးသားပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ရှမ်းအမျိုးသား ဒီမိုကရေစီပါတီ၊ ပအိုဝ့်အမျိုးသားအဖွဲ့ချုပ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် လူမှုရေးအဖွဲ့အစည်းတချို့မှ ကိုယ်စားလှယ်များ တက်ရောက်နေကြောင်း၊ အိန္ဒိယမှ လွှတ်တော်အမတ်တချို့နှင့် တက္ကသိုလ်များမှ တောင်အာရှ လေ့လာရေးဆိုင်ရာ ပါမောက္ခများ တက်ရောက်ဆွေးနွေးသည်ဟု သတင်းရရှိသည်။ ယင်းပွဲသို့ အိန္ဒိယအခြေစိုက် မြန်မာအင်အားစုတချို့ကို ဖိတ်ကြားခြင်းမရှိဟု သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။