ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာ ဘူတာနှင့် စစ်ကိုင်းတိုင်း အင်းတော်ကြီး မြို့နယ် နန့်စီးအောင် ဘူတာအကြား ၌ ဇန်နဝါရီ၂၉ ရက်က မိုင်းပေါက်ကွဲမှု ဖြစ်ပွား၍ လူစီးလော်ကယ် ရထားခေါင်းတွဲလမ်းချော်မှု ဖြစ်ပွားခဲ့ခြင်းသည် သောင်းကျန်းသူ များ၏ လက်ချက်ဖြစ်ကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။ မိုင်းကွဲမှု၌ လူ၂ ဦးသေဆုံးပြီး သေဆုံးသူ တဦးဖြစ်သော ဘရန်ဆိုင်း(၃၆)နှစ် နေထိုင်သည့် မိုးညှင်းမြို့ရှိ နေအိမ်မှ ဖောက်ခွဲရေးပစ္စည်းများ သိမ်းဆည်း ရမိကြောင်းလည်း သတင်းစာ၌ ပါရှိသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။