မြန်မာနိုင်ငံ ဆိုင်ရာ ကမ္ဘာ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေး ကင်တာနာ သည် ယနေ့ မြန်မာနိုင်ငံသို့ ရောက်ရှိမည် ဖြစ်သည်။ ၎င်း၏ ၆ ရက်ကြာ ခရီးစဉ်အတွင်း မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး တိုးတက်မှု အခြေအနေများနှင့် လတ်တလော ပြောင်းလဲတိုးတက် နေမှုများကို လေ့လာသွား မည် ဖြစ်ကြောင်း ကုလသမဂ္ဂ က ထုတ်ပြန်ထား သည်။ မစ္စတာ ကင်တာနာသည် ပြီးခဲ့သည့်နှစ် သြဂုတ်လအတွင်းက မြန်မာနိုင်ငံသို့ လာရောက်ခဲ့သေးသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။