ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ အတွက် မဲဆွယ်စည်းရုံးရေးဆိုင်ရာ ညွှန်ကြားချက် ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် က ထုတ်ပြန် လိုက်သည်။ ညွှန်ကြားချက်၌ ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ် လောင်း များကို ဖေဖော်ဝါရီ ၆ ရက်မှ ၁၀ ရက်အထိ စိစစ် အတည်ပြု မည်ဖြစ်ကြောင်း၊ အတည်ပြုပြီးသော နိုင်ငံရေးပါတီ ကိုယ်စားပြု သို့ တသီး ပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ် လောင်းများသည် မဲဆွယ်စည်းရုံးရေး လုပ်ငန်းစဉ်ကို ဆောင်ရွက်နိုင်ကြောင်း ပါရှိသည်။ ပါတီဌာန ချုပ်နှင့်ရုံးခွဲများတွင် ပြုလုပ်ပါက ခွင့်ပြုချက်ယူရန် မလိုသော်လည်း ပါတီရုံးပြင်ပ အခြား နေရာများ တွင် ပြုလုပ်ပါက ၇ ရက်ကြိုတင်ခွင့် ပြုချက်တင်၍ ခွင့်ပြုချက်ရမှ ပြုလုပ်နိုင်သည်ဟု ဆိုသည်။ လွှတ်တော် ကိုယ်စားလှယ်လောင်းများ စုဝေးဟောပြောခွင့် နှင့် မဲဆွယ် စည်းရုံးရေး ဆိုင်ရာ လိုက်နာရမည့် စည်းကမ်းကို ၁၈ . ၈ .၂၀၁၀ ရက်စွဲဖြင့် ကြေညာချက်အမှတ် ၉၁/၂၀၁၀ ကို ထုတ်ပြန်ထား၍ ဥပဒေနှင့်အညီ တိကျစွာ လိုက်နာရန် နှိုးဆော်ကြောင်း ယနေ့ထုတ် အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။