ရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော အစိုးရ ကိုယ်စားလှယ် အဖွဲ့သည် မွန်ပြည်သစ်ပါတီမှ တာဝန်ရှိသူများနှင့် မော်လမြိုင်မြို့ရှိ မော်လမြိုင် ကမ်းနားဟိုတယ်တွင် ယနေ့ ပြည်နယ်အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးကြကြောင်း သတင်းရရှိသည်။ မွန်ပြည်သစ်ပါတီဘက်မှ ဒုဥက္ကဋ္ဌနှင့် မွန်သံဃာတော်များ အပါအဝင် အဖွဲ့ဝင် ၁၂ ဦးပါရှိပြီး ဆွေးနွေးပွဲတွင် အချက် ၅ ချက် သဘောတူညီမှု ရခဲ့ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။