လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ဇန်နဝါရီလ ၁၃ ရက်နေ့က လွတ်မြောက်လာခဲ့သော ဗိုလ်ကြီးဟောင်း ကိုနေမျိုးဇင် ရင်ဆိုင်နေရသည့် အကျဉ်းထောင်တွင်းသို့ တရားမဝင် ပစ္စည်းသွင်းမှုဖြင့် တရားစွဲဆိုထားခြင်းကို ရုံးတော်မှ ယနေ့ တရားသေ လွှတ်လိုက်ကြောင်း သတင်းရရှိသည်။ ကိုနေမျိုးဇင်သည် အကျဉ်းကျစဉ်ကာလက ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံပါသည့် တီရှပ်အကျႌကို အကျဉ်းထောင်သွင်းသို့ သွင်းရန်ကြိုးစားမှုဖြင့် အကျဉ်းထောင် လက်စွဲ ဥပဒေအရ တရားမဝင်ဟု သတ်မှတ်ပြီး လွတ်မြောက်လာပြီးနောက်ပိုင်း ဆက်လက်၍ တရားရင်ဆိုင်နေရခြင်း ဖြစ်သည်။ ကိုနေမျိုးဇင်သည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီသို့လည်း ပါတီဝင်အဆိုကို ယနေ့ တင်လိုက်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။