ဒေါ်အောင်ဆန်းစုကြည် ဘ၀ အကြောင်း ရိုက်ကူးသည့် The Lady ရုပ်ရှင်ကား မိတ်ဆက် ဖွင့်လှစ်သော အခမ်းအနားကို ယမန် နေ့ ညနေပိုင်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့Paragon Cineplex, Siam Paragon ၌ ကျင်းပရာ ထိုင်းဝန်ကြီးချုပ် မစ္စ ယင့်လပ် ရှင် နာဝပ် တက်ရောက်သည်။
ယင်းအခမ်းအနားသို့ သက်ဆိုင်ရာ တာဝန်ရှိသူများအပါအဝင် The Lady တွင် ဒေါ်အောင်ဆန်းစုကြည် အဖြစ် သရုပ်ဆောင်သည့် ကမ္ဘာကျော် ဟောလိဝုဒ် မင်းသမီး မီရှဲလ်ယိုးနှင့် ဇာတ်ကားရိုက်ကူးသော ပြင်သစ် ဒါရိုက်တာ Luc Besson တို့လည်း ကိုယ်တိုင် တက်ရောက်ကြသည်။
အခမ်းအနား၌ မီရှဲလ်ယိုးက ရေဘေး ကယ်ဆယ်ရေးအတွက် ထိုင်း ဘတ် တသိန်း လှူဒါန်းကြောင်း ၎င်း၏ ကိုယ်ပိုင် ဝက်ဘ်ဆိုက် တွင် ဖော်ပြထားသည်။
ထိုရုပ်ရှင် ဇာတ်ကားအား ဖေဖော်ဝါရီ ၂ ရက်မှ ၁၆ ရက်အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့နှင့် မြန်မာ အလုပ်သမား များစွာရှိသော စမွတ်စခွန်ခရိုင် မဟာချိုင်မြို့များတွင် ပြသမည်ဖြစ်ပြီး ရုံဝင်လက်မှတ်များလည်း ရောင်းချနေကြောင်း သိရသည်။
The Lady ကို Major Cineplex Group Public Co. Ltd. က IT Computer အဖွဲ့သို့ ဈေးကွက်မြှင့်တင်ရေးအနေဖြင့် အဆိုပါမြို့ များတွင် ပြသခွင့် ပေးထားခြင်းဖြစ်သည်ဟုလည်း တာဝန်ရှိသူတဦးက ပြောဆိုထားသည်။
ဆက်စပ်သတင်း