မြန်မာနိုင်ငံက တခြားနိုင်ငံများသို့ ပေးဆပ်ရန် အကြွေး အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၁၀၂၃ (၁၁ ဘီလီယံ) ကျော် ရှိနေကြောင်း ဘဏ္ဍာရေးဝန်ကြီး ဦးလှထွန်းက ဇန်နဝါရီလ ၃၁ ရက်နေ့က လွှတ်တော်တွင် တင်ပြသွားသည်။ ၁၉၈၈ ခုနှစ်မတိုင်ခင်က အကြွေးမှာ ဒေါ်လာ ၈၄၀၈ သန်းကျော် ဖြစ်ပြီး အများဆုံး ပေးဆပ်ရမည့် နိုင်ငံမှာ ဂျပန်ဖြစ်ကြောင်း၊ ၁၉၈၈ နောက်ပိုင်း အကြွေးမှာ ဒေါ်လာ ၂၆၁၄ သန်းဖြစ်ပြီး အများဆုံး ပေးဆပ်ရမည့်နိုင်ငံမှာ တရုတ်ဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။