ကြားဖြတ်ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတမည်၊ အပြောမဟုတ် အလုပ်ဖြစ်၍ စောင့်ကြည့်စေလိုကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းက လူ့အခွင့်အရေး ကိုယ်စားလှယ် ကင်တားနားသို့ ပြောကြောင်း သိရသည်။ ယမန်နေ့ နေ့လည်က နေပြည်တော်တွင် ဦးရွှေမန်းနှင့် မစ္စတာ ကင်တာနားတို့ တွေ့ဆုံရာတွင် ယင်းသို့ ကတိပေးခြင်းဖြစ်ကြောင်း ပေါ်ပြူလာမြန်မာ သတင်းဂျာနယ်၏ လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြထားသည်။ မစ္စတာ ကင်တားနားသည် ဒေါ်အောင်ဆန်းစုကြည်နှင့် ယနေ့ နေ့လည်တွင် တွေ့ဆုံမည်ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။