မကြာခင်က အကျဉ်းထောင်များမှ ပြန်လည်လွတ်မြောက် လာကြသော ရွှေသံစဉ်တေးဂီတအဖွဲ့မှ ကိုဝင်းမော် နှင့်သူ၏ သမီး ငယ် မခင်စုကြည်၊ ကိုမင်းဇေယျနှင့်ဇနီး၊ ကိုပြုံးချို နှင့်ဇနီး၊ ကိုဂျင်မီနှင့်ဇနီး မနီလာသိန်း သမီးငယ်လေးတို့ကို ဒေါ်အောင်ဆန်းစုကြည်က ယမန်နေ့ ညနေ ၅း၀၀ နာရီက တက္ကသိုလ် ရိပ်သာလမ်းနေအိမ်တွင် ညစာဖြင့် ဧည့်ခံပြီး ၃ နာရီကြာ တွေ့ဆုံစကားပြောသည်။ ဒေါ်အောင်ဆန်းစုကြည်က ၁၉၉၀ ပြည့် ရွေးကောက်ပွဲ ရလဒ်သည် သမိုင်းတွင် အလွန်အရေးပါကြောင်းနှင့် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင်ရေးသည်လည်း အလွန်အရေးကြီးကြောင်းပြောသည်ဟု ဆိုသည်။ ထို့နောက် အပြန်အလှန် လက်ဆောင်များပေးခဲ့ကြပြီး မှတ်တမ်းဓာတ်ပုံများ ရိုက်ခဲ့ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။