ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲအား လာရောက်လေ့လာမည့် နိုင်ငံတကာအဖွဲ့များကို ခွင့်ပြုရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က စဉ်းစားနေကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေး ကင်တာနာက ပြောဆိုလိုက်သည်။ ယမန်နေ့က မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာစဉ် ရန်ကုန် နိုင်ငံတကာ လေဆိပ်၌ ကျင်း ပ သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုခြင်း ဖြစ်သည်။ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် လွတ်လပ် သည့် အဖွဲ့အစည်းတရပ် မဟုတ်ကြောင်းနှင့် တရားရေး စနစ်သည်လည်း လွတ်လပ်မှု မရှိကြောင်း ကင်တာနာ ပြောဆိုခဲ့သည်ဟု လည်း သိရသည်။ ကင်တာနာသည် မြန်မာနိုင်ငံသို့ ၆ ရက်ကြာ ခရီးစဉ် အဖြစ် လာရောက်ခြင်း ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။