ယနေ့ ညနေပိုင်း နေပြည်တော်၌ ကျင်းပမည့် ၂၀၁၀ ပြည့်နှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အကယ်ဒမီပေးပွဲတွင် ရုပ်ရှင်ကား ၄ ကားကို ပရိသတ် အများစုက ဆုရရှိရန်မျှော်မှန်းကြောင်း သိရသည်။ ယင်းဇာတ်ကားများမှာ “အမေ့ကျေးဇူး ဆပ်ဖူးချင်တယ်၊ အငိုမျက်လုံး အပြုံးမျက်နှာ၊ အာဒံရယ် ဧဝရယ် ဒဿရယ်၊ ပင်လယ်ထက်က နေဝန်းနီ” စသည်တို့ ဖြစ်ကြောင်း၊ ရုပ်တင်ပြသခဲ့ သော ရုပ်ရှင်ကား ၁၅ ကားထဲမှ အကောင်းဆုံး အနုပညာ စွမ်းဆောင်ချက်များအပေါ် စိစစ်ရွေးချယ်မည်ဖြစ်ကြောင်း ယနေ့ထုတ်မြန်မာ့ အလင်း သတင်းစာ အယ်ဒီတာ့ အာဘော်က ပြောသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။