အမေရိကန် နိုင်ငံက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူမှုများထဲမှ တခုကို ပြန်လည်ရုပ်သိမ်းရန် စီစဉ်နေကြောင်း သိရသည်။ အမေရိကန် အစိုးရ၏ လူကုန်ကူးမှု တိုက်ဖျက်ရေး ဥပဒေအရ မြန်မာနိုင်ငံအပေါ် ကူညီထောက်ပံ့နေသည့် အမေရိကန် အဖွဲ့အ စည်းများမှ ငွေကြေး ကူညီမှုများလုပ်၍ မရစေရန် ပိတ်ဆို့ထားသော ဥပဒေဖြစ်ကြောင်း၊ ယင်းဥပဒေကို ရုပ်သိမ်းလိုက်ပါက မြန်မာ နိုင်ငံသည် ကမ္ဘာ့ဘဏ်နှင့် နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းများထံမှ ငွေကြေး အကူအညီများရယူရန် အခွင့်အလမ်းများ ပေါ်ပေါက် လာဖွယ်ရှိကြောင်း AP သတင်းတွင် ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။