မကွေးတိုင်း ပွင့်ဖြူ မြို့နယ်ရှိ လယ်မကျေးရွာ၌ ရေဆိုးထုတ်ရန် မိလ္လာ ကန်အတွင်း ဆင်းသူ ၄ ဦး သေဆုံးမှု တခု ဖြစ်ပွားခဲ့သည်။ ဖေဖော်ဝါရီ ၇ ရက်နေ့က လွန်ခဲ့သော ၁၀ ခန့်ကတည်းက အသုံးပြုခဲ့သည့် ယင်းမိလ္လာကန်အတွင်းသို့ အိမ်ရှင် ဦးတင်ငွေ ဆိုသူနှင့် အဖော် ၅ ဦး ဆင်းသက်ခဲ့ရာ ကန်အတွင်းရှိ ပြင်းထန်သော အနံ့ဆိုးများကြောင့် အောက်ဆီဂျင်ပြတ်လပ်၍ ဦးတင်ငွေ အပါအဝင် ၄ ဦး သေဆုံးပြီး ကျန်၂ ဦးမှာ ဆေးကုသမှု ဆက်လက် ခံယူနေရဆဲ ဖြစ်ကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ၌ ဖော်ပြ သည်။ မိလ္လာကန်ထွက် ဘိုင်ဂက်စ်မှာ ပြင်းထန်သော အဆိပ် ဓာတ်ငွေ့ဖြစ်သည်ဟုလည်း ဆိုသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။