ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်မည့် ၆၅ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို၂၀၁၀ ရွေးကောက်ပွဲ ဝင်ရောက် ခဲ့ သည့် ၁၀ ပါတီ မဟာမိတ်အဖွဲ့က ရန်ကုန်မြို့ရှိ တာမွေ ဓမ္မာရုံ၌ ကျင်းပမည်ဖြစ်ပြီး ၁၀ ပါတီ မဟာမိတ် အဖွဲ့တွင်ပါဝင်သည့် တိုင်းရင်းသား ၅ ပါတီကလည်း အခမ်းအနား သီးသန့် ကျင်းပသွားမည်ဟု သိရသည်။ ၁၀ ပါတီ မဟာမိတ်အဖွဲ့၌ ဒီမိုကရက် တစ်ပါ တီ(မြန်မာ)၊ အမျိုးသား ဒီမိုကရေစီအင်အားစု (NDF)၊ ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမို ကရက်တစ် ပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ချင်းအမျိုးသားပါတီ၊ ဖလုံ-စဝေါ် ကရင်ပါတီ စသည် တို့ပါဝင်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။