EU ဖွံ့ဖြိုးရေး ကော်မရှင်နာ Andris Piebalgs သည် ပြုပြင်ပြောင်းလဲမှုများနှင့် တိုးတက်မှုများကို လေ့လာရန်အတွက် မြန်မာနိုင်ငံ သို့ ယမန်နေ့က ရောက်ရှိနေသည်။ ၎င်း၏ ၃ ရက်ကြာ ခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်နှင့် အစိုးရအဖွဲ့ဝင်များကို တွေ့ဆုံမည် ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံရန်ရှိသည်။ EU က မြန်မာနိုင်ငံသို့ လာမည့် ၂ နှစ်အတွက် ယူရို သန်း ၁၅၀ ကူညီ မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး ဖွံ့ဖြိုးမှု၊ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးနှင့် လူမှုရေး ကဏ္ဍများ၌ အကူအညီများ ပေးမည်ဖြစ်ကြောင်း Reuters သတင်း၌ ရေးထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။