နည်းပညာဆိုင်ရာ အတွေးအမြင်များကို လွတ်လပ်စွာ မျှဝေသည့် ဘားကမ့်ရန်ကုန် ၂၀၁၂ ဖွင့်ပွဲကို ရန်ကုန်မြို့ မြန်မာအင်ဖိုတက်ခ်ရှိ Main Building အဆောက်အဦရှေ့တွင် ဖေဖော်ဝါရီလ ၁၁ ရက်နေ့နံနက်က စတင်ပြီး ဖွင့်ပွဲသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက် အမှာစကားပြောကြားခဲ့သည်။ ပြင်ပကမ္ဘာနှင့် ယှဉ်လျှင် မြန်မာက နောက်ကျကျန်နေကြောင်း၊ ထို့ကြောင်း ရှေ့တန်းရောက်ရန် နည်းပညာကျွမ်းကျင်သူ လူငယ်များ လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ ဘားကမ့်ပွဲကို ၂ ရက်ကြာ ကျင်းပပြီး လူပေါင်းထောင်နှင့်ချီ၍ လာရောက်ကြောင်း သိရှိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။