ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံ ဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဘီဂျေ နမ်ဘီယာက တိုင်းရင်း သား ဒေသ စစ်ဘေး ဒုက္ခသည်များ အတွက် အကူအညီများ ပေးရန် တိုက်တွန်းလိုက်ကြောင်း သိရသည်။ မစ္စတာ နမ်ဘီယာ သည် တနင်္လာနေ့က စတင်သည့် ၎င်း၏ မြန်မာနိုင်ငံ ၅ ကြာခရီးစဉ်အတွင်း နေပြည်တော်၌ ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း အပါအဝင် လွှတ်တော် ကိုယ်စားလှယ်များနှင့် တွေ့ဆုံစဉ် ထို့သို့တိုက်တွန်းခြင်း ဖြစ်သည်ဟု VOA သတင်းကဆိုသည်။ ၎င်း သည် အစိုးရ အဖွဲ့ဝင်များ အပါအဝင် နိုင်ငံရေး ပါတီများ၊ လူမှုအဖွဲ့အစည်းများကိုလည်း တွေ့ဆုံသွားရန် ရှိကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။