NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် သည် ရန်ကုန်တိုင်း လှည်းကူးမြို့နယ်သို့ ပါတီ မဲဆွယ်စည်းရုံးရေး ခရီးစဉ်အဖြစ် ယနေ့ သွားရောက်မည် ဖြစ်သည်။ လှည်းကူးအားကစားကွင်း၌ ဟောပြောမည့်အစီအစဉ်ကို ပြည်ထောင်စုအားကစားဝန်ကြီး ဦးတင့်ဆန်းက တား မြစ်ခဲ့သော်လည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ခွင့်ပြုချက်ဖြင့် မူလအစီအစဉ်အတိုင်းဆက်လက် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။ ဒေါ်အောင်ဆန်းစုကြည် သည် မင်္ဂလာဒုံမြို့နယ်ရှိ စာကြည့်တိုက် ဖွင့်ပွဲတခုကိုလည်း ဝင်ရောက်ရန် ရှိသည်ဟု ဆိုသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။