ရန်ကုန်မြို့တွင် ပါရမီ အဓိပတိကားလိုင်းက ယမန်နေ့မှစတင်၍ အမျိုးသမီးများ သီးသန့်ယာဉ်လိုင်းကို စတင်စမ်းသပ်ပြေးဆွဲကြောင်း သတင်းရရှိသည်။ နံနက် ၇ နာရီနှင့် ၁၀ နာရီအတွင်း တကြိမ်၊ ညနေပိုင်းတွင် ၄ နာရီမှ ၇ နာရီအထိတကြိမ် ၄ ရက် ပြေးဆွဲမည်ဖြစ်ကြောင်း၊ ရလဒ်ကို ကြည့်၍ အဆိုပါယာဉ်လိုင်းကို ဆက်လက်ထားရှိသင့် မထားရှိသင့် ဆုံးဖြတ်မည်ဖြစ်ကြောင်း 7Day သတင်းဂျာနယ်က ရေးသားထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။