ရက်သတ္တတပတ်ကျော်ကြာ ငြိမ်းချမ်းစွာ ဆန္ဒပြနေသည့် လှိုင်သာယာ စက်မှုဇုန်ရှိ တိုင်ရီ စက်ရုံအလုပ်သမား ၁၈၀၀ ကျော် ၏ တောင်းဆိုချက်များထဲမှ တချို့ကို အလုပ်ရှင်ဘက်က လိုက်လျောခဲ့၍ အလုပ်သမားသပိတ်ကို ရပ်ဆိုင်းလိုက်ပြီး မနက်ဖြန် မှ စတင်ကာ အလုပ်ပြန်ဆင်းကြတော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။ ယနေ့ နေ့လယ်ပိုင်းက လှိုင်သာယာမြို့နယ် အလုပ် သမားဦးစီးဌာနမှ ကိုယ်စားလှယ်က အလုပ်သမားကိုယ်စားလှယ် ၅၂ ဦးနှင့်အလုပ်ရှင်တို့ကြား ဝင်ရောက်ဖြေရှင်းပေးခဲ့ခြင်း ဖြစ် သည်။ အလုပ်သမားများက အချိန်ပိုကြေး တနာရီ ၇၅ ကျပ် ရနေရာမှ၂၅၀ သို့ တိုးမြှင့်တောင်းဆို ထားသော်လည်း ၁၀၀ ကျပ် ပေးကြောင်း၊ အလုပ်သမားများ၏ ကျန်တောင်းဆိုချက်များ မရသေးသော်လည်း စားဝတ်နေရေး အခက်အခဲများ ရင်ဆိုင်နေ ရဆဲဖြစ်၍ အလုပ်သမား သပိတ်ကို ရပ်နားခဲ့ကြောင်း အလုပ်သမား ကိုယ်စားလှယ်တဦးက ပြောသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။