ကရင်အမျိုးသား အစည်းအရုံး (KNU) ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်အမှုအတွက် တရားခံပြ သက်သေအဖြစ် မီးရထားဝန်ကြီး ဦးအောင်မင်းအပါအဝင် အစိုးရ အရာရှိ ၈ ဦးကို ဆင့်ခေါ်ပေးရန် တရားရုံးသို့ တင်ပြထားကြောင်း ရှေ့နေဦးကြီးမြင့်က ပြောသည်။ ဖဒိုမန်းငြိမ်းမောင် အင်းစိန်ထောင်တွင်ရှိစဉ် ဦးအောင်မင်း စေလွှတ်သည့် အရာရှိများ လာရောက်တွေ့ဆုံပြီး KNU နှင့် အစိုးရအကြား ငြိမ်းချမ်းရေး အကြံဉာဏ်များ တောင်းခံဖူးသည့်အတွက် ယခုကဲ့သို့ တောင်းဆိုခြင်းဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။