ထိုင်းနိုင်ငံမှ မီဒီယာနှင့် ဖျော်ဖြေရေး လုပ်ငန်းကြီးတခုဖြစ်သည့် BEC-Tero က မြန်မာနိုင်ငံမှ MRTV-4 ကို ထုတ်လွှင့်နေသည့် Forever Group နှင့် တွဲ၍ ရုပ်သံလုပ်ငန်းများ လုပ်ဆောင်သွားမည်ဟု သိရသည်။ နှစ်ဖက်ပူးတွဲလုပ်ဆောင်မည့် အစီအစဉ်များတွင် BEC က လုပ်ငန်း၏ ၄၉ ရာခိုင်နှုန်းနှင့် Forever Group က ကျန်ရာခိုင်နှုန်းကို ပိုင်ဆိုင်မည် ဖြစ်သည်။ BEC က နည်းပညာထောက်ပံ့ပေးပြီး ရုပ်သံဇာတ်လမ်းများနှင့် ချယ်နယ် ၇ မှ ထုတ်လွှင့်မည့် မနက်ခင်း သတင်းအစီအစဉ်တို့ကို လာမည့် ဧပရယ်လလယ်မှစ၍ ပူးတွဲထုတ်လုပ်မည်ဖြစ်ကြောင်း ဘန်ကောက်ပို့စ် သတင်းစာတွင် ရေးသားထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။