ကြားဖြတ်ရွေးကောက်ပွဲ ဝင်မည့် နိုင်ငံရေးပါတီများ၏ မူဝါဒ၊ လုပ်ငန်းစဉ်များအား ရေဒီယိုနှင့်ရုပ်မြင်သံကြားမှ ဟောပြော ထုတ်လွှင့် ရာတွင် လိုက်နာရမည့် အချက်များကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ယမန်နေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။ ဟော ပြောထုတ်လွှင့်လိုသော ပါတီသည် ဟောပြောမည့် အကြောင်းအရာစာမူနှင့်အတူ ခွင့်ပြုမိန့်ကို အနည်းဆုံး ၇ ရက်ကြိုလျှောက်ထား ရမည်ဖြစ်ပြီး ပြန်ကြားရေးဝန်ကြီး ဌာနနှင့် ညှိနှိုင်း၍ ခွင့်ပြု၊ မပြုကို အကြောင်းပြန်မည် ဖြစ်ကြောင်း၊ ဟောပြောရာတွင် သတ်မှတ် ထားသော တားမြစ်ချက်များကို မလိုက်နာပါက တည်ဆဲဥပဒေများ အပြင် နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရလည်း အရေးယူ ခံရမည် ဖြစ်ကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။ ယင်းထုတ်ပြန်ချက်အားလုံးသည် ၂၀၁၀ ရွေးကောက်ပွဲ ကာလ ထုတ်ပြန်ချက်များနှင့် တူညီနေကြောင်း တွေ့ရှိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။